ကိုယ်ကျပ်ဂါဝန်လေးနဲ့ ပုရိသတွေကို အသည်းယားသွားအောင် လုပ်လိုက်တဲ့ နန်းမွေစံရဲ့ ဗီဒီယို

0
9225

ပရိသတ်ကြီးရေ နာမည်ကြီး မော်လ်ဒယ်တစ်ယောက်ဖြစ်တဲ့ နန်းမွေစံ ကတော့ ယောကျာ်းလေး ပရိသတ်တွေ ရဲ့ အထူးစိတ်ဝင်စားခြင်းခံရတဲ့ သူတစ်ယောက်ပဲဖြစ်ပါတယ်။ သူမကတော့ ဆရာဝန်ဘဝကို စွန့်လွှတ်ခံရတဲ့အထိ အနုပညာကို ရူးသွပ်ခဲ့ပြီး ဝါသနာပါရာလမ်းကြောင်းပေါ်ကို ယုံကြည်မှုရှိရှိ အကောင်းဆုံးလျှောက်လှမ်းလာခဲ့ တာတွေ့ရပါတယ်။ လက်ရှိမှာတော့ နန်းမွေစံ က အနုပညာအလုပ်အနေနဲ့ ကြော်ငြာတွေအပြင် အလန်းစား photo shooting တွေကို ဆက်တိုက်ဆိုသလို ရိုက်ကူးနေတာဖြစ်ပါတယ်။

ဒါ့အပြင် လတ်တလောမှာ ဆိုရင် သူမရဲ့ နာမည်လေးအပြင် ပုံလေးတွေပါထည့်ထားတဲ့ တီရှပ်အင်္ကျီလေးတွေကို ထုတ်လုပ်ထားပါသေးတယ်။ မကြာခဏဆိုရင်လည်း နန်းမွေစံ က ပရိသတ်တွေ အတွက် သူမရဲ့ အလန်းစားပုံရိပ်လေးတွေအပြင် အပျင်းပြေဆော့ကစားထားတဲ့ tiktok ဗီဒီယိုလေးတွေကိုလည်း ဖော်ပြပေးပါတယ်။ ယခုမှာဆိုရင်လည်း ယောကျာ်းလေးပရိသတ်တွေ အသည်းယား လောက်စေမယ့် ဗီဒီယိုလေးကို တင်ပေးလာခဲ့ပါတယ်။

ဒီ ဗီဒီယိုလေးထဲမှာတော့ နန်းမွေစံ က ဆွဲဆောင်မှုရှိတဲ့ ကိုယ်လုံးလေးကို အထင်းသား ပေါ်လွင်စေတဲ့ လွတ်လပ်ပေါ့ပါးတဲ့ ကိုယ်ကျပ်ဂါဝန်လေး ဝတ်ဆင်ထားပြီး ချစ်စရာအမူအရာလေးတွေနဲ့ ပို့စ်ပေးကာ ကြည်မိသူတိုင်း ရင်ခုန်သွားစေမယ့် ဗီဒီယိုလေးပဲဖြစ်ပါတယ်။

ဒါ့အပြင် သူမရဲ့ဗီဒီယိုထဲမှာတော့ ဒီရက်ပိုင်းအတွင်းမှာလည်း သွယ်လျကျစ်လျစ်တဲ့ body ကိုရရှိအောင် ဝိတ်ချနေပါတယ်ဆိုပြီးလည်း ပြောပြထားပါသေးတယ်။ ကဲချစ်ပရိသတ်ကြီးရေ ယခုမှာတော့ ဆွဲဆောင်မှုရှိပြီး ရင်ခုန်စရာကောင်းလောက်တဲ့ နန်းမွေစံ ရဲ့ ဗီဒီယိုလေးကို ပြန်လည်ကြည်ရှု့လို့ရအောင် ကူးယူဖော်ပြပေးလိုက်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here