ကိုရီးယားသူလေးလို့ထင်မှတ်ရလောက်အောင် ရင်ပြတ်အကျီင်္လေးနဲ့ အရမ်းကိုဆွဲဆောင်မှုရှိနေတဲ့ ရွှေကစ်လေး

0
365

ပရိသတ်တွေအားလုံးက ချစ်စနိုးနဲ့ခေါ်ဝေါ်ကြတဲ့ မင်းသမီးချောလေး ဝတ်မှုန်ရွှေရည်ကတော့ နာမည်လေးလှသလို ရုပ်ရည်ရူပါ ကလည်း ချောမောလှပနေသူလေး ဖြစ်ပါတယ် ။

ရွှေကစ်လေးက ကိုရီးယားမလေးတစ်ယောက်လို ဖြူဖွေးဝင်းဥတဲ့ အသားအရေလေးကို ပိုင်ဆိုင်ထားတဲ့အပြင် ခန္ဓာကိုယ်အချိုးအစားကလည်း သွယ်လျနေတာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ရွှေကစ်လေးကို ယောက်ျားလေး ပရိသတ်တွေသာမက မိန်းကလေး ပရိသတ်တွေအချင်းချင်းကပါ ချစ်ခင်အားပေးပြီး ဝန်းရံနေကြတာ ဖြစ်ပါတယ် ။

ရွှေကစ်လေးက သရုပ်ဆောင်ပိုင်းမှာလည်း အင်မတန်ထူးချွန်သူဖြစ်ပြီး အကယ်ဒမီရွှေစင်ရုပ်တုနှစ်ခုကို ရယူပိုင်ဆိုင်နိုင်ခဲ့ပြီ ဖြစ်ပါတယ် ။ တစ်နေ့ထက်တစ်နေ့ ပိုမိုအောင်မြင်လာတဲ့ ရွှေကစ်လေးက နိုင်ငံတကာနဲ့လက်တွဲပြီး အနုပညာအလုပ်တွေကို ကြိုးစားပမ်းစား လုပ်ကိုင်နေတာပဲ ဖြစ်ပါတယ် ။

ဖက်ရှင်အမြင်လည်းရှိတဲ့ရွှေကစ်က သူများတွေနဲ့မတူတဲ့ ခပ်မိုက်မိုက်ပုံစံလေးနဲ့ အမြဲတမ်းလှနေတတ်တာ ဖြစ်ပါတယ်။ အခုလည်း ရွှေကစ်လေးက အနက်ရောင်ရင်ပြတ်အင်္ကျီနဲ့ အပေါ်ထပ်ကုတ်အင်္ကျီလေးကို အတွဲအဖက် ညီညီဝတ်ဆင်ပြီး ဓာတ်ဖမ်းခဲ့တာ ဖြစ်ပါတယ်။

ဆွဲဆောင်မှုရှိတဲ့ အလှတရားတွေကို ပေါ်လွင်နေတဲ့ ရွှေကစ်လေးက မြင်နေကျပုံစံလေးနဲ့မတူအောင် မိမိုက်ပြီး အရမ်းအထာကျနေတာပဲ ဖြစ်ပါတယ် ။ကဲချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး ဝတ်မှုန်ရွှေရည်ရဲ့ အမိုက်စားပုံရိပ်လေးတွေကို ပြန်လည်မျှဝေ ပေးလိုက်ပါတယ်နော် ။

LEAVE A REPLY

Please enter your comment!
Please enter your name here