တိမ်းရှောင်နေရတဲ့ မိဘနှစ်ပါးကို သတိရကာ စိတ်အားငယ်နေတဲ့ သူမရဲ့ အဖြစ်ကိုပြောပြလာတဲ့ သဇင်ထူမြင့်

57

ပရိတ်သတ်ကြီးရေ …..သရုပ်ဆောင် သဇင်ထူးမြင့်ကတော့ လူထုလှုပ်ရှားမှုတွေမှာ ကျရာ အခန်းကဏ္ဍကနေ တက်တက်ကြွကြွ ပူးပေါင်းပါဝင်နေသူ တစ်ဦးဖြစ်ပါတယ်။ တစ်ရက်ကလေးမှ နားရက်မရှိရအောင် လမ်းပေါ်ထွက်နေကြရတဲ့ ပြည်သူတွေအတွက် အကာအကွယ်ပစ္စည်းများသာမက စားစရာ၊ သောက်စရာ များပါ တတ်နိုင်သလောက် လှူဒါန်းခဲ့သူလည်း ဖြစ်ပါတယ်။ လက်ရှိမှာလည်း အခြေအနေတစ်ခုကြောင့် တိမ်းရှောင်နေရတာပဲ ဖြစ်ပါတယ်။

လူငယ်ပီပီ လမ်းပေါ်ထွက်ကာ ပြည်သူတွေနဲ့ တစ်သားတည်း ရပ်တည်ခဲ့တဲ့ သဲလေးအား အခုလိုနေအိမ်ကနေ တိမ်းရှောင်နေရတဲ့အတွက် ပရိသတ်တွေက စိတ်မကောင်း ဖြစ်နေကြတာပဲ ဖြစ်ပါတယ်။ သူမကိုယ်တိုင်လည်း အရင်လို လှူဒါန်းမှုတွေ မပြုလုပ်နိုင်တဲ့အတွက် အလွန်ကို ဝမ်းနည်းနေတာပါ။ လက်ရှိ အချိန်ကာလမှာ စိတ်အားငယ်နေတာကြောင့် သတင်းတွေ ဖတ်မိတိုင်း မျက်ရည်တွေအလိုလို ကျမိလာကြောင်းကိုလည်း သူမရဲ့Facebook Story တွင် အခုလို ရေးသားထားတာပဲ ဖြစ်ပါတယ်။

” ရင်ထဲမကောင်းဖြစ်နေပြီး စိတ်အားငယ်တဲ့ အချိန်မို့ မျက်ရည် က အလိုလိုကျလာပြီး သတင်းတွေ မြင်ပြီး မခံစားနိင်တော့ဘဲ ရင်ဘတ်တွေပါ အောင့်လာကြောင်း ၊ သူမရဲ့ မိဘနှစ်ပါးကိုလည်း လွမ်းတယ် ” ဆိုပြီး လက်ရှိခံစားချက်တွေကို ဖွင့်ဟ ရေးသားလာတာပဲ ဖြစ်ပါတယ်။ သဲတို့ရဲ့ မိသားစုလေး အရင်လို စုစုစည်းစည်းနဲ့ ပျော်ရွှင်စရာကောင်းတဲ့ နေ့ရက်တွေ အမြန်ဆုံး ရောက်ရှိလာပါစေလို့ ဆုတောင်းပေးရင်း ဒီသတင်းလေးကို ပရိသတ်တွေ သိရှိနိုင်စေရန်အတွက် တစ်ဆင့်ပြန်လည် ကူးယူတင်ဆက် ပေးလိုက် ရပါတယ်နော်။