ပဲခူးမှာ ကျည်ဆန်ထိမှန်ပြီး ကျဆုံးသွားတဲ့ပြည်သူနှစ်ဦးကို ကူငွေ(၁၀)သိန်းစီကူပေးခဲ့တဲ့ ခိုင်နှင်းဝေ

73

ပဲခူးမှာကျည်ဆန်ထိမှန်ပြီးကျဆုံးသွားတဲ့ပြည်သူနှစ်ဦးကိုကူငွေ(၁၀)သိန်းဆီကူပေးခဲ့တဲ့ခိုင်နှင်းဝေ
………..

မတ်လ ၂

သရုပ်ဆောင်ခိုင်နှင်းဝေက ပဲခူးတိုင်းကနွေဦးတော်လှန်ရေးမှာကျဆုံးသွားတဲ့ပြည်သူ ၂ ဦးရဲ့ ဈာပနကိုကိုယ်တိုင်လိုက်ပါပို့ဆောင်ပေးခဲ့ပါတယ်။

“အာဇာနည်မောင်လေး (၂) ဦးရဲ့ ဈာပနာ အခမ်းအနားကို လိုက်ပို့ပေးခဲ့ပါတယ်ရှင်။ ကျန်ရစ်သူ မိသားစုများ နဲ့ ထပ်တူ ဝမ်းနည်းပူဆွေးရပါတယ်။ကျန်ရစ်သူ မိသားစု (၂)စု အတွက် တစ်ဦးကို (၁၀)သိန်း စီဖြင့် သိန်း(၂၀) တိတိ လှူဒါန်းပေးခဲ့ပါတယ်။

လူ အချင်းချင်းသတ်ဖြတ်ခြင်း ကင်းဝေးပြီး လူသားချင်း စာနာနိုင်ကြပါစေလို့ ခံပြင်းစိတ်နဲ့ ဆုတောင်းမိပါတယ်ရှင်” လို့ သရုပ်ဆောင်ခိုင်နှင်းဝေကဆိုထားပါတယ်။

သရုပ်ဆောင်ခိုင်နှင်းဝေကတော့လက်ရှိမြန်မာ့နိုင်ငံအရေးမှာ ပြည်သူတွေနဲ့အတူရပ်တည်နေတာကတော့ အားလုံးအသိပဲဖြစ်ပါတယ်။