ဧၿပီလကတည္းက အိမ္ကိုရဲေတြ ဝင္ဖမ္းဖို႔ႀကိဳးစားခဲ့ၾကတဲ့အတြက္ မိသားစုလိုက္ တိမ္းေရွာင္ထြက္ေျပးေနရတဲ့အေၾကာင္း ေျပာျပလာတဲ့ ေဖြးေဖြး

0
850

အႏုပညာေလာကထဲမွာလည္း ကိုဗစ္ေရာဂါကပ္ဆိုးႀကီးေၾကာင့္ ေႂကြလြင့္သြားရသူေတြ မ်ားစြာရွိေနပါတယ္။ ဒီအေျခအေနေတြနဲ႔ ပတ္သက္ၿပီး သ႐ုပ္ေဆာင္ ေဖြးေဖြးမွ သူမရဲ႕ လူမႈကြန္ယက္တြင္ရင္ထဲက ခံစားခ်က္တစ္ခ်ိဳ႕ကို ေျပာျပလာတာ ျဖစ္ပါတယ္။

ကိုယ့္ပတ္ဝန္းက်င္က လူေတြ ေသဆုံးေနတာကို ျမင္ေနၾကားေနရၿပီး ကိုယ္လည္းတစ္ေန႔ ဒီလိုအေျခအေနမ်ိဳးနဲ႔ႀကဳံေတြ႕လာႏိုင္ပါတယ္။

ေလာကႀကီးက ဘာေတြျဖစ္ေနမွန္း စဥ္းစားရင္း ေခါင္းရႈပ္လာေပမယ့္လည္း စိတ္မေလ်ာ့လိုက္ၾကဖို႔ ေရးသားေတာင္းဆိုထားတာ ျဖစ္ပါတယ္။

အရာအားလုံးကို စိတ္တူသူေတြအားလုံး အတူတူရင္ဆိုင္ၾကမွာျဖစ္တဲ့အတြက္ ဘာပဲျဖစ္ျဖစ္ ျပန္ဆုံၾကရမယ္လို႔ ေတြးေပးထားၾကဖို႔ လိုအပ္ေၾကာင္း ေျပာျပထားပါေသးတယ္။

ဒါ့အျပင္ ဒီအေျခအေနဆိုးႀကီးကို ႀကံ့ႀကံ့ခံရင္ဆိုင္ႏိုင္သူမ်ား အားလုံးဟာ အာဇာနည္ေတြပဲ ျဖစ္ေၾကာင္း ေရးသားထားတာျဖစ္ပါတယ္။

ေဖြးေဖြးဟာ ျမန္မာႏိုင္ငံတြင္ လက္ရွိ ျဖစ္ေပၚေနတဲ့ လူထုလႈပ္ရွားမႈမ်ားတြင္ ျပည္သူေတြနဲ႔အတူ တက္ႂကြစြာပူးေပါင္းပါဝင္ခဲ့သူျဖစ္တာေၾကာင့္ ပုဒ္မ ၅၀၅(က) ျဖင့္ တရားစြဲဆိုခံထားရတာ ျဖစ္ပါတယ္။

သူမရဲ႕ ေနအိမ္သို႔ဧၿပီလ (၄) ရက္ေန႔က ဝင္ဖမ္းဖို႔ ႀကိဳးစားၾကတဲ့အတြက္ မိသားစုလိုက္ ေျပးေနရတာေၾကာင့္ ပရိသတ္ေတြကို ဂ႐ုမစိုက္မိတာေတြ ရွိခဲ့ပါက နားလည္ေပးဖို႔ ေတာင္းဆိုထားတာ ျဖစ္ပါတယ္။

ကိုယ္တိုင္အခက္အခဲေတြနဲ႔ ရင္ဆိုင္ျဖတ္သန္းေနရခ်ိန္မွာေတာင္ ပရိသတ္ေတြအေပၚ မေမ့မေလ်ာ့ဘဲဂ႐ုစိုက္ေပးတဲ့ ေဖြးစိန္ေလးလည္းေဘးအႏၲရာယ္ကင္းရွင္းပါေစလို႔ ဆုေတာင္းေပးရင္း ဒီသတင္းကို တင္ဆက္ေပးလိုက္ ရပါတယ္။

Unicode

အနုပညာလောကထဲမှာလည်း ကိုဗစ်ရောဂါကပ်ဆိုးကြီးကြောင့် ကြွေလွင့်သွားရသူတွေ များစွာရှိနေပါတယ်။ ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး သရုပ်ဆောင် ဖွေးဖွေးမှ သူမရဲ့ လူမှုကွန်ယက်တွင်ရင်ထဲက ခံစားချက်တစ်ချို့ကို ပြောပြလာတာ ဖြစ်ပါတယ်။

ကိုယ့်ပတ်ဝန်းကျင်က လူတွေ သေဆုံးနေတာကို မြင်နေကြားနေရပြီး ကိုယ်လည်းတစ်နေ့ ဒီလိုအခြေအနေမျိုးနဲ့ကြုံတွေ့လာနိုင်ပါတယ်။

လောကကြီးက ဘာတွေဖြစ်နေမှန်း စဉ်းစားရင်း ခေါင်းရှုပ်လာပေမယ့်လည်း စိတ်မလျော့လိုက်ကြဖို့ ရေးသားတောင်းဆိုထားတာ ဖြစ်ပါတယ်။

အရာအားလုံးကို စိတ်တူသူတွေအားလုံး အတူတူရင်ဆိုင်ကြမှာဖြစ်တဲ့အတွက် ဘာပဲဖြစ်ဖြစ် ပြန်ဆုံကြရမယ်လို့ တွေးပေးထားကြဖို့ လိုအပ်ကြောင်း ပြောပြထားပါသေးတယ်။

ဒါ့အပြင် ဒီအခြေအနေဆိုးကြီးကို ကြံ့ကြံ့ခံရင်ဆိုင်နိုင်သူများ အားလုံးဟာ အာဇာနည်တွေပဲ ဖြစ်ကြောင်း ရေးသားထားတာဖြစ်ပါတယ်။

ဖွေးဖွေးဟာ မြန်မာနိုင်ငံတွင် လက်ရှိ ဖြစ်ပေါ်နေတဲ့ လူထုလှုပ်ရှားမှုများတွင် ပြည်သူတွေနဲ့အတူ တက်ကြွစွာပူးပေါင်းပါဝင်ခဲ့သူဖြစ်တာကြောင့် ပုဒ်မ ၅၀၅(က) ဖြင့် တရားစွဲဆိုခံထားရတာ ဖြစ်ပါတယ်။

သူမရဲ့ နေအိမ်သို့ဧပြီလ (၄) ရက်နေ့က ဝင်ဖမ်းဖို့ ကြိုးစားကြတဲ့အတွက် မိသားစုလိုက် ပြေးနေရတာကြောင့် ပရိသတ်တွေကို ဂရုမစိုက်မိတာတွေ ရှိခဲ့ပါက နားလည်ပေးဖို့ တောင်းဆိုထားတာ ဖြစ်ပါတယ်။

ကိုယ်တိုင်အခက်အခဲတွေနဲ့ ရင်ဆိုင်ဖြတ်သန်းနေရချိန်မှာတောင် ပရိသတ်တွေအပေါ် မမေ့မလျော့ဘဲဂရုစိုက်ပေးတဲ့ ဖွေးစိန်လေးလည်းဘေးအန္တရာယ်ကင်းရှင်းပါစေလို့ ဆုတောင်းပေးရင်း ဒီသတင်းကို တင်ဆက်ပေးလိုက် ရပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here